ကျပ် ၁ သန်း တန် ဖုန်းဘေလ် နှင့် ၃၀၀၀ ကျပ်တန် ဖုန်းဘေလ်များ လစဉ် ကံထူးခွင့်ကိုရယူနိုင်ဖို့ နေလဗေဒင်ဝန်ဆောင်မှုတွင် နေ့စဉ် အွန်လိုင်းဗေဒင်မေးလိုက်ပါ။ ၇ရက်သားသမီးဟောစာတမ်း၊ ရာသီခွင်ဟောစာတမ်း၊ မင်္ဂလာအခါပေးအစီအစဉ် နှင့် အောင်မြင်ကျော်ကြားဗေဒင်ကဏ္ဍ စသည့် ဗေဒင်နှင့်ပတ်သတ်သည့် အကြောင်းအရာများစွာ တစ်နေရာတည်းမှာ ဖတ်ရှုနိုင်ရန် အခုဘဲဒေါင်းလုတ်ရယူလိုက်ပါ....
MPTမှ ဝန်ဆောင်မှုအတွက် စည်းမျဉ်းစည်းကမ်းချက်များ
၁ |
မေး |
နေလဗေဒင်ဝန်ဆောင်မှုရဲ့ ပရိုမိုးရှင်းကဘာပရိုမိုးရှင်းလဲ? |
၂ |
မေး |
Browse & Win New Year Campaign and Promotion ပရိုမိုးရှင်းဘယ်နေ့ကစမှာလဲ? |
၃ |
မေး |
ပရိုမိုးရှင်းအစီအစဉ် မှာဘယ်သူတွေပါဝင်လို့ ရနိုင်လဲ? |
၄ |
မေး |
ဝန်ဆောင်မှုဘယ်လိုရယူ နိုင်သလဲ? |
၅ |
မေး |
ပရိုမိုးရှင်းအစီအစဉ်ကိုဘယ်လိုပါဝင် လို့ ရနိုင်လဲ? |
၆ |
မေး |
ပရိုမိုးရှင်း က ဘာဆုတွေပေးမှာလဲ? |
၇ |
မေး |
ဆုကိုဘယ်နေ့ကြေငြာမှာလဲ? |
၈ |
မေး |
ဆုကိုဘယ်နေ့ပေးမှာလဲ? |
၉ |
မေး |
ဆုတွေကိုဘယ်လိုရွေးချယ်ပေးမှာလဲ? |
၁၀ |
မေး |
ဆုမဲကံထူးသူစာရင်းကိုဘယ်လိုသိရမှလဲ ၊ ဘယ်ကကြေငြာပေးမှာလဲ? |
၁၁ |
မေး |
အငြင်းပွားဖွယ် တစ်စုံတစ်ရာ ရှိလာပါက မည်သို့ဆုံးဖြတ်မည်နည်း? |
၁၂ |
မေး |
ဆုများအား ငွေသား သို့မဟုတ် တန်ဖိုးတူညီသည့် ပစ္စည်း အမျိုးအစားဖြင့် လဲလှယ်မှုပြုလုပ်နိုင်ပါသလား? |
1 |
Ques: |
What is promotion in NayLa Promotion? |
2 |
Ques: |
When will promotion start? |
3 |
Ques: |
Who is eligible in promotion program? |
4 |
Ques: |
How can I get the service? |
5 |
Ques: |
How to participate in the promotion? |
6 |
Ques: |
What prizes does the promotion give? |
7 |
Ques: |
When day may you announce the prize? |
8 |
Ques: |
When day may you give the prize? |
9 |
Ques: |
How do you choose the prize? |
10 |
Ques: |
How can we know winners and from where do you announce? |
11 |
Ques: |
How do we decide if something is controversial? |
12 |
Ques: |
Could the customer change the prizes with cash or other same value items? |
MPTမှ ဝန်ဆောင်မှုအတွက် စည်းမျဉ်းစည်းကမ်းချက်များ
MPT၏စည်းကမ်းသတ်မှတ်ချက်များ[နေလဝန်ဆောင်မှုယူရင်းကံထူးရှင်ဖြစ်နိုင်မည့် အခွင့်အရေးပရိုမိုရှင်း]
ဤစာမျက်နှာသည်နေလအထူးအစီအစဉ်(Promotion)တွင်ပါဝင်ကံစမ်းသည့်အခါ သင့်အနေဖြင့်လိုက်နာ ရမည့်စည်းကမ်းချက်များအား ရှင်းလင်းဖော်ပြထားပါသည်။ Promotion အား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း (“MPT”၊ “ကျွနု်ပ်တို့”၊ “ကျွနု်ပ်တို့ကို”၊ “ကျွနု်ပ်တို့၏”)က ဆောင်ရွက်ပေးသော ဝန်ဆောင်မှုများမှတဆင့် ရယူ နိုင်ပါသည်။ Promotion ကို Htut Co., Ltd. က စီစဉ်ဆောင်ရွက်ပါသည်။Promotionတွင်ပါဝင်ကံစမ်းခြင်းဖြင့်သင်သည် ဤစည်းကမ်းသတ်မှတ်ချက်များ နှင့်၎င်းတို့နှင့်ဆက်စပ်သည့်အခြားသော သက်ဆိုင်ရာစည်းမျဉ်းများ၊ မူဝါဒများနှင့် စည်းကမ်းချက်များ (စုပေါင်း၍ “စည်းကမ်းချက်များ” ဟု ခေါ်ဆိုရန်) ကိုဖတ်ရှုပြီး နားလည်ကြောင်းနှင့် ၎င်းတို့၏ စည်းနှောင်မှုကိုခံယူရန် သဘောတူကြောင်း သဘောဆောင်ပါ သည်။
စည်းကမ်းချက်များသည် အချိန်အခါမရွေး ပြောင်းလဲမှုရှိနိုင်ပါသည်။ ထိုကဲ့သို့သော ပြောင်းလဲမှုတစ်ခုခု ပြုလုပ်ပြီးနောက် Promotion တွင် သင်၏ဆက်လက်ပါဝင်ကံစမ်းမှုသည် ပြောင်းလဲပြီးဖြစ်သော စည်းကမ်း ချက်များကို သင်က လက်ခံခြင်း ဖြစ်ပါသည်။
၁။ Promotion
၁.၁ အထက်တွင်ဖော်ပြထားသည့်အတိုင်း Promotion ကို Htut Co., Ltd. က အပြည့်အဝ စီစဉ်ဆောင်ရွက်ပြီး Promotion နှင့်ပတ်သက်သည့် မည်သည့်စုံစမ်းမေးမြန်းခြင်းများ သို့မဟုတ် ကိစ္စရပ်များကိုမဆို Htut Co., Ltd သို့ တိုက်ရိုက် ဆက်သွယ်သင့်ပါသည်။ Promotion တွင် MPT ၏ ပါဝင်ပတ်သက်မှု အတိုင်း အတာသည် အောက်တွင်ထပ်မံရှင်းလင်းဖော်ပြမည့် ကျသင့်ငွေကောက်ခံခြင်း (Billing) နှင့် စာရင်းပေး သုံးစွဲခြင်း (Subscription) ဆိုင်ရာလုပ်ငန်းများဖြင့် ကန့်သတ်ထားပါသည်။
၁.၂ စည်းကမ်းချက်များတွင် သင်အား အတိအလင်း အပ်နှင်းထားခြင်းမရှိသည့် အခွင့်အရေးအားလုံးကို ကျွနု်ပ်တို့က သို့မဟုတ် ကျွနု်ပ်တို့၏ အသုံးပြုခွင့်ပေးသူများ၊ ထောက်ပံ့သူများ၊ ထုတ်ဝေသူများ၊ အခွင့်အရေးကိုင်ဆောင်သူများနှင့် အခြားသော အကြောင်းအရာပံ့ပိုးသူများက သီးသန့် ရယူထိန်း သိမ်းထားပါသည်။ သင်အနေဖြင့် စည်းကမ်းချက်များနှင့် ဥပဒေတွင် ခွင့်ပြုသည့်အတိုင်းသာ Promotion တွင် ပါဝင်ကံစမ်းနိုင်ပြီး အခြားသောအသုံးပြုခံစားမှုအားလုံးကို တင်းကျပ်စွာ တားမြစ် ထားပါသည်။
၁.၃ MPT သည် MPT ၏ တစ်ဦးတည်းဆုံးဖြတ်ချက်ဖြင့် အကြောင်းပြချက်တစ်ခုခု သို့မဟုတ် အကြောင်း ပြချက်မရှိဘဲ သင်၏ Promotion သို့ ဝင်ရောက်မှု သို့မဟုတ် ပါဝင်ကံစမ်းမှုကို အကြောင်းကြားမှုနှင့် တာဝန်မရှိဘဲ အမြဲတမ်းသော်လည်းကောင်း၊ ယာယီသော်လည်းကောင်း ရပ်စဲခြင်း၊ ဆိုင်းငံ့ခြင်း သို့မဟုတ် အခြားနည်းဖြင့်ခွင့်ပြုရန်ငြင်းပယ်ခြင်းများ ပြုလုပ်နိုင်ပါသည်။ ထိုသို့ပြုလုပ်သည့်အခါတွင် စည်းကမ်းချက်များသည် ဤတွင်ဖော်ပြထားသော ဆက်လက်တည်ရှိနေမည့်စည်းကမ်းချက်များကို ဖြည့်ဆည်းရန် လိုအပ်သော အတိုင်းအတာအထိ သင်အပေါ် ဆက်လက်စည်းနှောင်မှုရှိရမည်။
၁.၄ Promotion တွင် သင်၏ ပါဝင်ကံစမ်းမှုသည် ကြိုတင်စီစဉ်ထားသောနှင့် ကြိုတင်စီစဉ်ထားခြင်းမရှိ သော ဝန်ဆောင်မှု အဆက်ပြတ်ခြင်းများပေါ် မူတည်နိုင်သည်။ Promotion ၏ အဆက်ပြတ်ခြင်း၊ (စီစဉ်ထားသည်ဖြစ်စေ၊ စီစဉ်မထားဘဲဖြစ်စေ) ချို့ယွင်းမှုဖြစ်ပေါ်ခြင်း သို့မဟုတ် မဝင်ရောက်နိုင် ခြင်းတစ်ခုခုအတွက် MPT သည် သင့်အပေါ် သို့မဟုတ် မည်သည့်တတိယပုဂ္ဂိုလ်များအပေါ်မဆို တာဝန်ရှိမည် မဟုတ်သည်ကို သင့်အနေဖြင့် သဘောတူပါသည်။
၁.၅ သင်၏ Promotion အသုံးပြုမှု သို့မဟုတ် အလွဲသုံးစားပြုမှု၊ သင်၏ အခြားအသုံးပြုသူများနှင့် မည် သည့်အပြန်အလှန်ဆက်သွယ်ဆောင်ရွက်မှုများအတွက်မဆို သို့မဟုတ် Promotion နှင့်စပ်လျဉ်း၍ သင်၏ အခြားဆောင်ရွက်မှု သို့မဟုတ် လိုက်နာရန်ပျက်ကွက်မှုတစ်ခုခုအတွက် MPT တွင် တာဝန် မရှိစေရ။
၂။ ကျွန်ုပ်တို့၏ ပိုင်ဆိုင်မှုအခွင့်အရေးများ
Htut Co., Ltd. သို့မဟုတ်အခြားတတိယပုဂ္ဂိုလ်တစ်ဦးဦးမှအခြားနည်းဖြင့် တရားသဖြင့် ဆောင်ရွက်ခြင်းမှ လွဲ၍ သက်ဆိုင်မှုရှိသည့်အတိုင်း ဤ Promotion နှင့်စပ်လျဉ်းသော ဆော့ဖ်ဝဲ၊ ရုပ်ပုံများ၊ စာသား၊ ဂရပ်ဖစ်များ၊ သရုပ်ဖော်မှုများ၊ လိုဂိုများ၊ တီထွင်မှုမူပိုင်ခွင့်များ၊ ကုန်အမှတ်တံဆိပ်များ၊ ဝန်ဆောင်မှု အမှတ်တံဆိပ်များ၊ မူပိုင်ခွင့်များ၊ ဓာတ်ပုံများ၊ အသံ၊ ဗီဒီယိုများ၊ ဂီတနှင့် အကြောင်းအရာ အပါအဝင် ၎င်းတို့ချည်းသာ မဟုတ်သော (စုပေါင်း၍ “အကြောင်းအရာ”) MPT ၏ ပိုင်ဆိုင်မှုအချက်အလက် တစ်ခုခုနှင့် ၎င်းတို့နှင့် သက်ဆိုင်သော ဉာဏပစ္စည်းအခွင့်အရေးများ အားလုံးမှာ MPT နှင့် ၎င်း၏ အသုံးပြုခွင့်ပေးသူများ၊ ထောက်ပံ့သူများ၊ ထုတ်ဝေသူများ၊ အခွင့်အရေးကိုင်ဆောင်သူများနှင့် အခြားသော အကြောင်းအရာပံ့ပိုးသူများ၏ သီးသန့်ပစ္စည်းဖြစ်သည်။ ဤတွင်အတိအလင်း ဖော်ပြ ထားသည်မှလွဲ၍ Promotion ၏ မည်သည့်အရာကမျှ ဉာဏပစ္စည်းဆိုင်ရာအခွင့်အရေးများတစ်ခုခု တွင်ရှိသော သို့မဟုတ် ထိုအောက်တွင်ရှိသော အသုံးပြုခွင့်တစ်ခု သို့မဟုတ် အခွင့်အရေးတစ်ခု ဖန်တီးသည်ဟု မမှတ်ယူရ။ Promotion တွင် ဝင်ရောက်အသုံးပြုနိုင်သော အချက်အလက်များတစ်ခုခု သို့မဟုတ် အကြောင်းအရာတစ်ခုခုမှ ဆင့်ပွားရရှိလာသော လက်ရာများကို ရောင်းချခြင်း၊ အသုံးပြု ခွင့်ပေးခြင်း၊ ငှားရမ်းခြင်း၊ ပြုပြင်ခြင်း၊ ဖြန့်ချိခြင်း၊ ကူးယူခြင်း၊ ဆင့်ပွားကူးယူခြင်း၊ ထုတ်လွှင့်ခြင်း၊ လူအများ မြင်သာစေရန် ပြသခြင်း၊ လူအများ မြင်သာစေရန် ဖျော်ဖြေခြင်း၊ ထုတ်ဝေခြင်း၊ သင့်လျော် သလို ပြင်ဆင်အသုံးပြုခြင်း၊ တည်းဖြတ်ခြင်း သို့မဟုတ် ဖန်တီးခြင်းများကို သင့်အနေဖြင့် မပြုလုပ် ရန် သဘောတူပါသည်။ စည်းကမ်းချက်များမှ အတိအလင်း ခွင့်ပြုမထားသော မည်သည့်ရည်ရွယ် ချက်အတွက်မဆို အကြောင်းအရာအားအသုံးပြုခြင်းကို တင်းကျပ်စွာတားမြစ်ထားပါသည်။
၃။ စာရင်းပေးသုံးစွဲခြင်း
၃.၁ Promotion ကာလသည် ၁၆ ဒီဇင်ဘာ ၂၀၁၉ မှ ၁၅ မတ် ၂၀၂၀ အထိ (Promotion ကာလ) ဖြစ်ပါ သည်။
၃.၂ Promotion တွင် ပါဝင်ကံစမ်းနိုင်ရန် သင်အနေဖြင့် နေလဝန်ဆောင်မှု ကို Promotion ကာလအတွင်း စာရင်းပေးသုံးစွဲရမည်။
၄။ ပါဝင်ကံစမ်းနိုင်သူများ
၄.၁ ဤ Promotion ကို အနည်ဆုံး အသက်တစ်ဆယ့်ရှစ်နှစ်(၁၈)နှစ်နှင့် အထက်ရှိပြီး (MPT SIM အသုံးပြု နေသည့်) မှတ်ပုံတင်ထားသော MPT သုံးစွဲသူများအတွက်သာ ရည်ရွယ်ပါသည်။
၄.၂ MPTနှင့်တိုက်ရိုက်ပတ်သက်သည်ဖြစ်စေ၊မပတ်သက်သည်ဖြစ်စေMPT အတွက်လုပ်ကိုင်နေသော ပုဂ္ဂိုလ်တစ်ဦးဦး သို့မဟုတ် အဖွဲ့အစည်းများ သို့မဟုတ်MPT၏ ဝန်ထမ်းများ(မိသားစုနှင့်ဆွေမျိုးများ အပါအဝင်) Promotion တွင် ပါဝင်ကံစမ်းခွင့်မရှိပါ။
၅။ ဈေးကွက်ရှာဖွေခြင်းနှင့် အရောင်းမြှင့်တင်ခြင်း
MPT အနေဖြင့် ကံစမ်းမဲအစီအစဉ်အတွက်လိုအပ်သော သို့မဟုတ် ၎င်းနှင့် ကျိုးကြောင်းဆီလျော်စွာ ဆက်စပ်သော ကိစ္စရပ်များအတွက်လည်းကောင်း၊ လူသိများစေရန်ရည်ရွယ်ချက်များ အတွက် ပါဝင် ကံစမ်းသူများ၏ဗီဒီယိုများ နှင့်/သို့မဟုတ် ရုပ်ပုံများအသုံးပြုခြင်းအပါအဝင် ဖြစ်သော်လည်းယင်းတို့ ချည်းသာဟု ကန့်သတ်မထားသော MPT ၏ ကုန်ပစ္စည်းများ သို့မဟုတ် ဝန်ဆောင်မှုများကို ဈေး ကွက်ရှာဖွေရန်၊ ကြော်ငြာရန် နှင့်/သို့မဟုတ် အရောင်းမြှင့်တင်ရန် အလို့ငှာ ပါဝင်ကံစမ်းသူများ၏ ကိုယ်ရေးအချက်အလက်များ ကောက်ခံခြင်း၊ အသုံးပြုခြင်း၊ ဖွင့်ဟထုတ်ဖော်ခြင်းနှင့် ၎င်းတို့အကြား ဝေမျှခြင်းတို့ပြုလုပ်ခြင်းနှင့် MPT၏တရားဝင်ခွင့်ပြုထားသောဝန်ဆောင်မှုပေးသူများနှင့်သက်ဆိုင်ရာ တတိယပုဂ္ဂိုလ်များထံ ထိုကဲ့သို့သောကိုယ်ရေးအချက်အလက်များ ဖွင့်ဟထုတ်ဖော်ခြင်းကို ပါဝင်ကံ စမ်းသူများက သဘောတူညီပြီး ခွင့်ပြုပါသည်။
၆။ တာဝန်ခံမှုမှ ကင်းလွတ်စေခြင်း
သင်သည် MPT နှင့် ၎င်း၏ လက်အောက်ခံကုမ္ပဏီများ၊ ပူးတွဲလုပ်ငန်းဆောင်ရွက်သူ၊ အေးဂျင့်များ၊ မန်နေဂျာများ နှင့် အခြားဆက်စပ်ကုမ္ပဏီများ၊ နှင့် ၎င်းတို့၏ ဝန်ထမ်းများ၊ ကန်ထရိုက်တာများ၊ အေးဂျင့်များ၊ အရာထမ်းများ၊ ဒါရိုက်တာများအား (၁) သင်ထုတ်လွှတ်လိုက်သော သို့မဟုတ် ရရှိ သောဒေတာ သို့မဟုတ် အကြောင်းအရာတစ်ခုခုအပါအဝင် သင်၏ Promotion အား အသုံးပြုခြင်း နှင့် ဝင်ရောက်ခြင်း (၂) ဤတွင်ပါဝင်သော ကိုယ်စားပြုတင်ပြခြင်းများနှင့် အာမခံချက်များတစ်ခုခုကို ချိုးဖောက်ခြင်း အပါအဝင် ယင်းတို့ချည်းသာမဟုတ်သော စည်းကမ်းချက်များ၏ စည်းကမ်းတစ်ခုခု အား ချိုးဖောက်ခြင်း (၃) ပုဂ္ဂိုလ်ဆိုင်ရာလွတ်လပ်မှု အခွင့်အရေး တစ်စုံတစ်ရာ၊ လူတစ်ဦးတစ် ယောက်၏ ကျော်ကြားမှုကိုယ်ပိုင်လက္ခဏာများအား အလွှဲသုံးစားပြုခြင်းကို ကာကွယ်သည့် အခွင့် အရေးများ (Publicity Rights) သို့မဟုတ်၊ ဉာဏပစ္စည်းဆိုင်ရာအခွင့်အရေး များ အပါအဝင် ၎င်းတို့ ချည်းသာမဟုတ်သော တတိယပုဂ္ဂိုလ်အခွင့်အရေးတစ်ခုခုကို သင့်အနေဖြင့် ချိုးဖောက်ခြင်း၊ (၄) သင်၏ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် သို့မဟုတ် အခြားနိုင်ငံတစ်နိုင်ငံ၏ ဥပဒေ၊ နည်းဥပဒေ သို့မဟုတ် စည်းမျဉ်း တစ်ခုခုကိုချိုးဖောက်ခြင်း၊ (၅) Promotion မှတစ်ဆင့် သင်တင်ပြသော သို့မ ဟုတ် သင်ရရှိသော အချက်အလက်တစ်ခုခု၏ ရလဒ်တစ်ခုကြောင့် တောင်းဆိုမှု သို့မဟုတ် နစ်နာမှု တစ်စုံတစ်ရာဖြစ်ခြင်း သို့မဟုတ် (၆) သင်၏ဖုန်းနံပါတ်(စာရင်းသွင်းထားသည်ဖြစ်စေ၊ စာရင်းမသွင်း ထားသည်ဖြစ်စေ)၊ ဟန်းဆက်၊ သို့မဟုတ် အခြားသော ကိရိယာမှတဆင့် အခြားပုဂ္ဂိုလ်တစ်ဦး ဦး၏ Promotion သို့ဝင်ရောက်မှုနှင့် အသုံးပြုမှုတို့မှ ပေါ်ပေါက်လာသော တောင်းဆိုမှုများ၊ နစ်နာမှု များ၊ တာဝန်ဝတ္တရားများ၊ ဆုံးရှုံးမှုများ၊ တာဝန်ခံမှုများ၊ ကုန်ကျမှုများ သို့မဟုတ် ကြွေးမြီနှင့် အသုံးစရိတ် များ (ရှေ့နေ့ခများအပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟုကန့်သတ်မထားသော) တစ်ခုခု နှင့် အားလုံးထံမှနှင့် ၎င်းတို့ကို ဆန့်ကျင်၍ ကာကွယ်ပေးရန်၊ တာဝန်ခံမှုမှ ကင်းလွတ်စေရန်နှင့် ထိခိုက်နစ်နာမှုမှ ကင်း လွတ်စေရန်သဘောတူပါသည်။
၇။ အာမခံချက်များ၏ မသက်ဆိုင်ကြောင်း ရှင်းလင်းချက်များနှင့် တာဝန်ခံမှုကန့်သတ်ချက်
၇.၁ Promotion တွင်ပါဝင်သော သို့မဟုတ် Promotion မှတဆင့်အခြားနည်းဖြင့် သင်အသုံးပြုနိုင်ရန် ပြုလုပ်ထားသော သတင်းအချက်အလက်၊ အကြောင်းအရာ၊ အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲအပါအဝင်)နှင့် အခြားသောဝန်ဆောင်မှုများကို ဤနေရာ၌ “ရှိသည့်အတိုင်း” နှင့် “ရှိနိုင် မည့်အတိုင်း” ရနိုင်သောစနစ်ဖြင့်ပံ့ပိုးခြင်းဖြစ်သည်။ MPT သည် Promotion လည်ပတ်ခြင်း သို့မ ဟုတ် Promotion တွင်ပါဝင်သော သို့မဟုတ် Promotion မှတဆင့် အခြားနည်းဖြင့်သင်အသုံး ပြု နိုင်ရန်ပြုလုပ်ထားသော ၎င်း၏တိကျမှုအပါအဝင်သတင်းအချက်အလက်၊ အကြောင်းအရာ၊ အချက် အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲ အပါအဝင်) သို့မဟုတ် အခြားသောဝန်ဆောင်မှုများကို မည် သည့်အမျိုးအစားမဆိုဖြစ်သော အတိအလင်းဖြစ်စေ၊ တိုက်ရိုက်မဟုတ်သည်ဖြစ်စေ ကိုယ်စားပြု တင်ပြခြင်းများ သို့မဟုတ် အာမခံချက်များမပြုလုပ်ပါ။ သင်၏ Promotion အသုံးပြုမှုသည် ဖြစ်ပေါ် လာနိုင်ချေရှိသောအန္တရာယ်ကို မိမိဘာသာတာဝန်ယူသည်ဟု အတိအလင်း သဘောတူပါသည်။
၇.၂ MPT သည် Promotion အသုံးပြုခြင်း သို့မဟုတ် Promotion တွင် ပါဝင်သော သို့မဟုတ် Promotion မှတဆင့်အခြားနည်းဖြင့် သင်အသုံးပြုနိုင်ရန်ပြုလုပ်ထားသော သတင်းအချက်အလက်၊ အကြောင်းအရာ၊ အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲ အပါအဝင်) သို့မဟုတ် အခြားသော ဝန်ဆောင်မှုများမှ ပေါ်ပေါက်လာသော မည်သည့်အမျိုးအစားမဆိုဖြစ်သည့် တိုက်ရိုက်ဖြစ်သော၊ တိုက်ရိုက်မဟုတ်သော၊ ဆက်စပ်၍ဖြစ်သော၊ ပြစ်ဒဏ်အရဖြစ်သော နှင့်/သို့မဟုတ် အကျိုးဆက် အားဖြင့်ဖြစ်သော နစ်နာမှုများအပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟုကန့်သတ်မထားသော နစ်နာမှုတစ်စုံ တစ်ရာအတွက် တာဝန်ခံမည်မဟုတ်ပါ။
၇.၃ သင်အနေဖြင့် Promotion သို့ ဝင်ရောက်ကံစမ်းရာတွင်မည်သည့်အကြောင်းအရင်းကြောင့်ဖြစ်စေ၊ Promotion နှင့်ဆက်စပ်၍ တိုက်ရိုက်ဖြစ်စေ၊ အကျိုးဆက်အရဖြစ်စေ ဖြစ်ပေါ်လာသော မည်သည့် သဘောသဘာဝ သို့မဟုတ် အမျိုးအစားမဆိုရှိသည့် ဆုံးရှုံးမှု၊ ထိခိုက်အနာတရဖြစ်မှု၊ ထိခိုက်မှု သို့မဟုတ် ပေးရန်တာဝန်ရှိမှုနှင့် အကျိုးဆက်များ တစ်ခုခုနှင့်အားလုံးမှ သော်လည်းကောင်း၊ MPT ကိုထိုသို့ဖြစ်နိုင်ခြေအား အသိပေးပြီးသည့်တိုင် Promotion တွင် ပါဝင်ကံစမ်းစဉ်အတွင်း သို့မဟုတ် ကံထူးဆုအား အသုံးပြုခံစားခြင်းမှ ပေါ်ပေါက်လာသော သို့မဟုတ် ၎င်းနှင့်ဆက်စပ်သော မည်သည့် ပုဂ္ဂိုလ်များအပေါ်မဆို ထိခိုက်အနာတရဖြစ်မှုတစ်ရပ်ရပ် သို့မဟုတ် ပိုင်ဆိုင်မှုတစ်ရပ်ရပ်အပေါ် ဖြစ် ပေါ်လာသည့်ထိခိုက်မှုတစ်ရပ်ရပ်အပါအဝင်ဖြစ်သော်လည်း ယင်းတို့ချည်းသာဟု မကန့်သတ်လျက် ၎င်းတို့မှသော်လည်းကောင်း ပေါ်ပေါက်လာသောနှင့် ၎င်းတို့ကိုအကြောင်းပြုသော တောင်းခံမှု များ၊ တောင်းဆိုမှုများ၊ အခွင့်အရေးများ၊ တရားစွဲဆိုရန် အကြောင်းတို့မှ MPT အားကင်းလွတ်စေရန်နှင့် ရာသက်ပန် လွတ်ငြိမ်းစေရန် သဘောတူညီပါသည်။
၇.၄ သက်ဆိုင်ရာဥပဒေများမှ ခွင့်ပြုနိုင်သည့် အများဆုံးအတိုင်းအတာအလျောက် MPT သည် ရည်ရွယ် ချက်တစ်ခုအတွက် ကုန်သွယ်မှုနှင့် ရောင်းချနိုင်စွမ်း၏ တိုက်ရိုက်မဟုတ်သော အာမခံချက်များ အပါအဝင်ဖြစ်သော်လည်းယင်းတို့ချည်းသာဟုကန့်သတ်မထားသောအတိအလင်းဖော်ပြထားသည့် သို့မဟုတ် တိုက်ရိုက် မဟုတ်သည့် အာမခံချက်များအားလုံးကို မသက်ဆိုင်ကြောင်း ငြင်းဆိုပါသည်။
၇.၅ Promotion တွင်ပါဝင်သော သို့မဟုတ် Promotion မှတဆင့်အခြားနည်းဖြင့် သင်အသုံးပြုနိုင်ရန် ပြုလုပ်ထားသော သတင်းအချက်အလက်၊ အကြောင်းအရာ၊ အချက်အလက်များ၊ ထုတ်ကုန်များ (ဆော့ဖ်ဝဲ အပါအဝင်) သို့မဟုတ် အခြားသောဝန်ဆောင်မှုများတွင် MPT ဆာဗာများ သို့မဟုတ် MPT မှ ပို့သောအီလက်ထရောက်နစ် ဆက်သွယ်မှုများသည် ဗိုင်းရပ်များ သို့မဟုတ် အခြားသော အန္တရာယ်ရှိသည့် အစိတ်အပိုင်းများမှ ကင်းလွတ်ပါသည်ဟု MPT က အာမခံခြင်း မပြုပါ။
၈။ တတိယပုဂ္ဂိုလ်၏ အကြောင်းအရာ
Promotion တွင် Htut Co., Ltd. အပါအဝင် တတိယပုဂ္ဂိုလ်များမှ ရရှိသော သို့မဟုတ် ၎င်းတို့က ပံ့ပိုးပေး ထားသောအကြောင်းအရာ(တတိယပုဂ္ဂိုလ်၏ အကြောင်းအရာ)တို့ ပါဝင်နိုင်ပါသည်။ သို့ဖြစ်ပါ၍အဆိုပါတတိယပုဂ္ဂိုလ်၏အကြောင်းအရာသို့မဟုတ် တတိယပုဂ္ဂိုလ်၏ အကြောင်းအရာ နှင့်ဆက်စပ်သောချိတ်ဆက်ထားသည့်ဝက်ဘ်ဆိုဒ်တစ်ခုခုအတွက်MPTတွင်တာဝန်ရှိမည် မဟုတ်ပါ။တတိယပုဂ္ဂိုလ်များ၏သတင်းအချက်အလက်၊ထုတ်ကုန်များသို့မဟုတ်ဝန်ဆောင်မှုများ တစ်ခု ခုအား ရည် ညွှန်းချက်သည် MPT က ထောက်ခံမှု၊ ကမကထပြုမှု သို့မဟုတ် အကြံပြုမှု မဟုတ်ပါ သို့မဟုတ် ထိုသို့သွယ်ဝိုက်ဆိုလိုခြင်းမဟုတ်ပါ။
၉။ အထွေထွေ
၉.၁ တတိယပုဂ္ဂိုလ်တစ်ဦးဦး၏ စည်းကမ်းသတ်မှတ်ချက်များသည် သက်ဆိုင်မှုရှိလျှင် ကံထူးဆုများ အပေါ် သက်ရောက်မှုရှိပါမည်။
၉.၂ စည်းကမ်းချက်များသည် http://mpt.com.mm/mm/about-home/terms-conditions-mm/ တွင် ဖတ်ရှုနိုင်သည့် MPT ၏ အထွေထွေစည်းကမ်းသတ်မှတ်ချက်များ (“GTC”) အရဖြစ်ရပါမည်။ ဤစည်းကမ်းချက်၏ စည်းကမ်းများနှင့် GTC အကြား ပဋိပက္ခတစ်စုံတစ်ရာ ဖြစ်ပေါ်ခဲ့ပါက ဤစည်း ကမ်းချက်များ၏ စည်းကမ်းများက လွှမ်းမိုးရမည်။
၉.၃ စည်းကမ်းချက်များသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏ ဥပဒေများ နှင့် တရားရုံး သို့မ ဟုတ် စီရင်ပိုင်ခွင့်ရှိသော အဖွဲ့တစ်ခုမှ ထုတ်ပြန်ထားသည့် စည်းမျဉ်း၊ အမိန့် ကြော်ငြာစာ၊ ညွှန်ကြား ချက် သို့မဟုတ် လမ်းညွှန်ချက် တစ်ခုခုအရဖြစ်ရပါမည်။
၉.၄ အကယ်၍ စည်းကမ်းချက်များ သို့မဟုတ် ၎င်းအကျုံးဝင်မှု၏ စည်းကမ်းများ ပဋိညာဉ်ပြုချက်၊ ပြဋ္ဌာန်း ချက်တစ်ခုခုအား တရားရုံးတစ်ခုခု သို့မဟုတ် စီရင်ပိုင်ခွင့်ရှိသောအဖွဲ့တစ်ခုခု သို့မဟုတ် ထို အကြောင်းအရာ နှင့်စပ်လျဉ်း၍ ဥပဒေတစ်ရပ်ရပ်မှ ဥပဒေနှင့် မကိုက်ညီခြင်း၊ တရားမဝင်ဖြစ်ခြင်း သို့မဟုတ် အာဏာမသက်ရောက်နိုင်ခြင်းအဖြစ်သတ်မှတ်ခဲ့ပါက စည်းကမ်းချက်များ၏ ကျန်ရှိသော အပိုင်း သို့မဟုတ် အဆိုပါ စည်းကမ်းများ၊ ပဋိညာဉ်ပြုချက် သို့မဟုတ် ပြဋ္ဌာန်းချက်၏ (တရားမဝင် ဖြစ်ကြောင်း သို့မဟုတ် အာဏာသက်ရောက်မှုမရှိကြောင်း သတ်မှတ်ထားသည့် ပုဂ္ဂိုလ်များမှအပ) ပုဂ္ဂိုလ်တစ်ဦးဦးနှင့် သက်ဆိုင်မှုအပေါ် သက်ရောက်မှုမရှိစေရဘဲ စည်းကမ်းချက်များ၏ ပြဋ္ဌာန်းချက် တစ်ရပ်စီသည် ဥပဒေအရခွင့်ပြုထားသော အများဆုံး အတိုင်းအတာအထိ တရားဝင်ဖြစ်ပြီး အာဏာ သက်ရောက်မှု ဆက်လက်ရှိရမည်။
နေလ ဝန်ဆောင်မှုယူရင်း ကံထူးရှင်ဖြစ်နိုင်မည့်အခွင့်အရေးပရိုမိုရှင်း အစီအစဉ်အသုံးပြုခြင်းဆိုင်ရာ စည်းကမ်းချက်များ
၁။ ပါဝင်ကံစမ်းရမည့်နည်းလမ်း
Promotion ကာလသည် ၁၆ ဒီဇင်ဘာ ၂၀၁၉ မှ ၁၅ မတ် ၂၀၂၀ အထိ (Promotion ကာလ) ဖြစ်ပါ သည်။ အသုံးပြုသူသည် နေလဝန်ဆောင်မှုကို MPTဖုန်းနံပတ်များအသုံးပြု၍ ဝန်ဆောင်မှုရယူထားရမည်။ မှတ်ပုံတင်ထားသော MPTအသုံးပြုသူများ (MPT ဆင်းမ်ကဒ်အသုံးပြုသူ) မြန်မာနိုင်ငံသားများနှင့် နေလ ဝန်ဆောင်မှုကို ရယူထားသောသူများသည် ဤအထူးအစီအစဉ် တွင်ပါဝင်နိုင်ပါသည်။ အသုံးပြုသည် ဝန်ဆောင်မှုကို တစ်လစီတိုင်းတွင် အနည်းဆုံး ခုနှစ် ကြိမ် အောင်အောင်မြင်မြင် ပေးဆောင်အသုံးပြုထားသူဖြစ်ရမည်။ ပရိုမိုးရှင်းကာလ အတွင်း ဝန်ဆောင်မှုယူထားသူများထဲမှ အများဆုံး ငွေပေးချေ အသုံးပြုသူများ နေလဝန်ဆောင်မှု ကမ်ပိန်း အစီအစဉ်တွင် ပါဝင်ခွင့် ရရှိမည်ဖြစ်ပါသည်။
၂။ ချီးမြှင့်မည့်ကံထူးဆု (များ)
Promotionကာလအတွင်း ဆုရရှိသူများကို လစဉ်ကံစမ်းရွေးချယ်သွားမည်ဖြစ်သည်။
လစဉ်ဆုများမှာအောက်ပါအတိုင်းဖြစ်သည်။
ပထမလ (၁၆ ဒီဇင်ဘာ ၂၀၁၉ မှ ၁၅ ဇန်နဝါရီ ၂၀၂၀) အတွက် ကျပ် ၁ သန်းတန် ဖုန်းငွေဖြည့်ကတ် (၁) ဆု နှင့် ကျပ် ၃၀၀၀ တန် ဖုန်းငွေဖြည့်ကတ် (၃၀) ဆု ဖြစ်သည်။
ဒုတိယလ (၁၆ ဇန်နဝါရီ ၂၀၂၀ မှ ၁၅ ဖေဖော်ဝါရီ ၂၀၂၀) အတွက် ကျပ် ၁ သန်းတန် ဖုန်းငွေဖြည့်ကတ် (၁) ဆု နှင့် ကျပ် ၃၀၀၀ တန် ဖုန်းငွေဖြည့်ကတ် (၃၀) ဆု ဖြစ်သည်။
တတိယလ (၁၆ ဖေဖော်ဝါရီ ၂၀၂၀ မှ ၁၅ မတ် ၂၀၂၀) အတွက် ကျပ် ၁ သန်းတန် ဖုန်းငွေဖြည့်ကတ် (၁) ဆု နှင့် ကျပ် ၃၀၀၀ တန် ဖုန်းငွေဖြည့်ကတ် (၃၀) ဆု ဖြစ်သည်။
အထူးဆု အဖြစ် ပရိုမိုးရှင်းကာလ (၁၆ ဒီဇင်ဘာ ၂၀၁၉ မှ ၁၅ မတ် ၂၀၂၀) အတွက် နေလ ပရီမီယမ် အသုံးပြုခ တစ်နှစ်စာ (၅) ဆု ဖြစ် သည်။
၃။ ကံထူးရှင်ရွေးချယ်ခြင်း
ပထမလအတွက်ဆုရွေးချယ်မည့်ရက် - ၂၀၂၀ ဇန်နဝါရီ လ ၂၇ ရက်
ဒုတိယလအတွက်ဆုရွေးချယ်မည့်ရက် - ၂၀၂၀ ဖေဖော်ဝါရီ ၂၇ ရက်
တတိယလအတွက်ဆုရွေးချယ်မည့်ရက် - ၂၀၂၀ မတ် လ ၂၆ ရက်
နေလပရီမီယမ် အသုံးပြုခ တစ်နှစ်စာ အတွက်ဆုရွေးချယ်မည့်ရက် - ၂၀၂၀ မတ်လ ၁၉ ရက်
၄။ ကံထူးရှင်အား အကြောင်းကြားခြင်း
ဆုရရှိသူများကို ဖုန်းဖြင့် ဆက်သွယ်အကြောင်းကြားပေးသွားမည် ဖြစ်ပါသည်။
ဆုရရှိသူများကို အောက်ပါနေ့ရက်များတွင် ကြေညာသွားမည်ဖြစ်သည်။
ပထမလအတွက်ဆုရရှိသူများ - ၂၀၂၀ ဇန်နဝါရီ လ ၃၁ ရက်
ဒုတိယလအတွက်ဆုရရှိသူများ - ၂၀၂၀ မတ် လ ၀၃ ရက်
တတိယလအတွက်ဆုရရှိသူများ- ၂၀၂၀ မတ် လ ၃၁ ရက်
နေလပရီမီယမ် အသုံးပြုခ တစ်နှစ်စာ အတွက်ဆုရရှိသူများ - ၂၀၂၀ မတ်လ ၂၅ ရက်
၅။ ကံထူးဆု(များ) အသုံံးပြုခံစားခြင်း
၅.၁ ကံထူးဆုများအားလုံးအား လဲလှယ်ခြင်း၊ လွှဲပြောင်းပေးအပ်ခြင်း၊ လွှဲအပ်ခြင်း သို့မ ဟုတ် ငွေကြေးအဖြစ် ပြောင်းလဲခြင်းတို့ ပြုလုပ်၍မရပါ။
၅.၂ အတည်ပြုပြီးဖြစ်သောကံထူးရှင်များအားလုံးတွင်လိုအပ်သောစာရွက်စာတမ်းအား လုံးအပါအဝင်ဖြစ်သော်လည်း ၎င်းတို့သာဟုကန့်သတ်မထားသည့် အမျိုးသားမှတ် ပုံတင်ဒ်ပြားရှိရမည်။
၆။ ကံထူးရှင်အား စည်းကမ်းသတ်မှတ်ချက်များနှင့်မကိုက်ညီကြောင်း ဆုံးဖြတ်ခြင်း
၆.၁ အကြောင်းအရာပံ့ပိုးသူ၏ အမည်သည် ပါဝင်ကံစမ်းသူတစ်ဦးအား ကြိုတင်၍ အကြောင်းမကြားဘဲ သို့မဟုတ် အကြောင်းပြချက်တစ်ခုခုပေးရန်မလိုအပ်ဘဲ ပုံမှန် မဟုတ်သော သို့မဟုတ် သံသယဖြစ်ဖွယ် ဆောင်ရွက်မှုတစ်ခုခု ဆောင်ရွက်နေ ကြောင်း သို့မဟုတ် ၎င်းနှင့် ဆက်စပ်မှုရှိကြောင်း သံသယရှိပါက ထိုပါဝင်ကံစမ်းသူ အား စည်းကမ်းသတ်မှတ်ချက်များနှင့် မကိုက်ညီကြောင်း ဆုံးဖြတ်ပိုင်ခွင့်ရှိသည်။
MPT Terms and Conditions –Nay La Browse & Win New Year Campaign and Promotion
This page explains the terms by which you agree to abide by when participating in the “Nay La Special Promotion” (“Promotion”). The Promotion can be accessed through services provided by Myanma Posts and Telecommunications (“MPT”, “we”, “us”, “our”). The Promotion is operated by and provided to you by Htut Co.,Ltd. By participating in the Promotion, you signify that you have read, understood, and agree to be bound by these Terms and Conditions and any other applicable rules, policies and terms associated therewith (collectively, the “Terms”).
The Terms are subject to change at any time. Your continued participation in the Promotion after any such change constitutes your acceptance of the revised Terms.
Except as otherwise rightfully operated by Htut Co.,Ltd. or any other third party, as applicable, any MPT proprietary material related to the Promotion, including, without limitation, software, images, text, graphics, illustrations, logos, patents, trademarks, service marks, copyrights, photographs, audio, videos, music, and content (collectively, “Content”), and all intellectual property rights related thereto, are the exclusive property of MPT and its licensors, suppliers, publishers, rights holders, or other content providers. Except as explicitly provided herein, nothing in the Terms shall be deemed to create a license or right in or under any such intellectual property rights, and you agree not to sell, license, rent, modify, distribute, copy, reproduce, reverse engineer, transmit, publicly display, publicly perform, publish, adapt, edit or create derivative works from any materials or Content accessible on the Promotion. Use of the Content for any purpose not expressly permitted by the Terms is strictly prohibited.
The participants agree and consent to MPT collecting, using, disclosing and sharing amongst themselves the Participants’ personal data, and disclosing such personal data to MPT’s authorised service providers and relevant third parties for purposes which are necessary or reasonably incidental to the Promotion, and to market, advertise and/or promote the goods or services of MPT, including without limitation using videos and/or images of the Participants for publicity purposes.
You agree to defend, indemnify and hold harmless MPT and its subsidiaries, joint operation partner, agents, managers, and other affiliated companies, and their employees, contractors, agents, officers and directors, from and against any and all claims, damages, obligations, losses, liabilities, costs or debt, and expenses (including but not limited to attorneys’ fees) arising from: (i) your use of and access to the Promotion, including any data or content transmitted or received by you; (ii) your violation of any term of the Terms, including without limitation your breach of any of the representations and warranties herein; (iii) your violation of any third-party right, including without limitation any right of privacy, publicity rights or intellectual property rights; (iv) your violation of any law, rule or regulation of the Union of Myanmar or any other country; (v) any claim or damages that arise as a result of any information submitted or received by you through the Promotion; or (vi) any other party’s access and use of the Promotion through your phone number (registered or unregistered), handset, or other device.
The Promotion may aggregate content obtained or provided by third parties, including Htut Co.,Ltd. (“Third Party Content”). As such, MPT is not responsible for such Third Party Content or any linked websites associated with Third Party Content. Reference to any information, products or services of third parties does not constitute or imply endorsement, sponsorship or recommendation by MPT.
NayLa Browse & Win New Year Campaign and Promotion Terms and Conditions
---------------------------------------------------------------------------
1. How to enter
Users can subscribe to the NayLa service using their MPT phone numbers.
MPT registered users (using an MPT SIM) who are Myanmar citizens and are NayLa subscribers can participate in the Promotion.
To be eligible, users have to successfully pay for the service at least 7 times for each month. The Promotion period is from 16th December 2019 to 15th March 2020. (“Promotion Period”).
2. Prize(s)
Winners will be selected by lucky draw for each month of the Promotion Period. The prizes for each month are as follows:
1st month (16 December 2019 to 15 January 2020), there will be one winner of MPT Top Up 1 million Kyat and thirty winners of MPT Top Up 3000 Kyat.
2nd month (16 January 2020 to 15 February 2020), there will be one winner of MPT Top Up 1 million Kyat and thirty winners of MPT Top Up 3000 Kyat.
3rd month (16 February 2020 to 15 March 2020), there will be one winner of MPT Top Up 1 million Kyat and thirty winners of MPT Top Up 3000 Kyat.
For Special prize within promotion Period (16 December 2020 to 15 March 2020), there will be five winners of one-year premium gift of a subscription fee
3. Selection of Winner
1st month winner selection – 27 January 2020
2nd month winner selection – 27 February 2020
3rd month winner selection – 26 March 2020
One-year premium gift of a subscription fee – 19 March 2020
4. Notification of Winner
Winners will get contact by phone.
Winners will be announced on the following dates:
1st month winners – 31 January 2020
2nd month winners – 03 March 2020
3rd month winners – 31 March 2020
One-year premium gift of subscription fee winners – 19 March 2020
5. Use of the Prize(s)
5.1 All prizes are non-exchangeable, non-transferrable, non-assignable or not convertible to cash.
5.2 All confirmed winners must have national identification card, including but not limited to, all the necessary documentation
6. Disqualification of winner
6.1 Name of Content Provider has the discretion to disqualify a participant whom it suspects to be undertaking or in connection with any unusual or suspicious activities, without prior notice or without needing to give any reasons for doing so.